ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးမ ျားပါဝင်နိုင်ခွင့် အားနည်း
Натисніть Джерело кліпу: Іраваді
Редаговано: Nyein Nyein
Дата: 13 березня 2019 р
Мова оригіналу: Бірманська - Читайте оригінал бірманською: тут
Читайте англійською: тут
မြန်မာနိုင်ငံငြိမ်းချမ်းရေး တည်ဆောက်ရေး က ြိုးပမ်းမှုတွင် အဖွဲ့အစည်းပေါင်း ၄၀၀ နီးပါး ကို ကိုယ်စားပြုသော အမျိုးသမီး ၆၇၀ ကျော် ပါဝင် အကျိုးပြု လုပ်ဆောင်နေကြသော်လည်း ၎င်းတို့၏ လေးပုံတပုံသာခန့်သာလျှင် ပြည်ထောင်စု ငြိမ်းခ ျမ်းရေးညီလာခံကိုယ်စားလှယ်များအဖြစ် ပါဝင်သ ည်ဟု မတ်လ ၆ ရက်နေ့က ထုတ်ပြန်သည့် ငြိမ်းချမ်းရ ေးတွင် ပါဝင်ပံ့ပိုးနေသော အမျိုးသမီးများ လမ် းညွှန်ချက်ဆိုင်ရာ ပုံကားချပ်များအရသိရသည်။
အမေရိကန် နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေးအေဂ ျင်စီ (USAID). အချက်အလက်များကို ၂၀၁၈ ခုနှစ် သြဂုတ်လမှ ၂၀၁၉ ခုနှစ်အထိ ဇန်နဝါရီလအထိ ကောက်ယူခဲ့သည်။ လွယ်လင့်တကူအသုံးပြုနိုင်သော လမ်းညွှန်ဖြစ် သည့် ထိုပုံကားချပ်များတွင် အဖွဲ့အစည်း ၃၈၃ ခ ုမှ ငြိမ်းချမ်းရေးတွင် ပါဝင်ပံ့ပိုးနေသော အမ ျိုးသမီး ၆၇၄ ဦးကို ဖော်ပြထားသည်။
ပြည်နယ်နှင့် တိုင်းတခုစီအတွက် ပြုစုထားသော ထိုပုံကားချပ်များတွင် လူသိများထင်ရှားသော အ မျိုးသမီး ခေါင်းဆောင်များကိုသာမက လူသိနည်းသေ ာ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ စည်းရုံးလှုံ့ဆော်နေသူများကိုလည်း ဖော်ပြထာ းသည်။ စာရင်းထဲတွင် အစိုးရအဖွဲ့ဝင် အရာရှိများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်ဆို င်ရာလွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်မ ျား၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မီဒီယာနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ အမျိုးသမီး များ ပါဝင်သည်။
၎င်းတို့အများစုသည် ငြိမ်းချမ်းရေးညှိနှိုင ်းဆွေးနွေးမှုများတွင် စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုရေး စသည့် အဓိက ကဏ္ဍ ၅ ခ ုတွင် ပါဝင်ဆွေးနွေးကြသည်။
ထိုပုံကားချပ်များသည် ပြည်စုံခြင်းမရှိသေးဘ ဲ အချိန်နှင့်အမျှ အချက်အလက်သစ်များ ဖြည့်သွင ်းနေရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးတွင် ပါဝင်ပံ့ပိုးနေသူအားလုံ း မပါဝင်သေးသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို လေ့လာစောင့်ကြည့်နေသူများအတွက် လုပ်င န်းစဉ်တွင် မည်သူတို့ ပါဝင်ဆောင်ရွက်နေသည်ကို နားလည်နိုင်စေရန် ရည်ရွယ်ထားသည်ဟု ပြုစုသူမျ ားက ဆိုသည်။
“ဒီပုံကားချပ်ကို အနုပညာလက်ရာအနေနဲ့မယူဆဘဲ က ိရိယာတခုလို့ ယူဆပြီး အသုံးချဖို့ မျှော်လင့် ပါတယ်”ဟု USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Teresa MaGhie က လမ်းညွှန်ချက် မိတ်ဆက်ပွဲတွင် ပြောသည်။
“နိုင်ငံတဝန်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင် သော လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်နေသေ ာ အမျိုးသမီးများနှင့် အဖွဲ့အစည်းများ အကြောင ်းကို ကျယ်ပြန့်စွာဖော်ပြထားခြင်းအားဖြင့် က ာလရှည်ကြာပဋိပက္ခများကို ဖြေရှင်းရာတွင် လို အပ်သော အရည်အချင်းများရှိသည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် မရှိဟူသော အဆိုကို ဤပုံကာ းချပ်များဖြင့် တုံ့ပြန်လိုက်ခြင်းဖြစ်သည်” ဟ ု USAID နှင့် Nonviolent Peaceforce တို့က ဆိုသည်။
ပုံကားချပ်များမိတ်ဆက်ပွဲတွင် မြန်မာနိုင်င ံငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆက်လက ်ဆောင်ရွက်သင့်သည်များဆိုင်ရာ ဆွေးနွေးပွဲတစ ်ရပ်ကျင်းပခဲ့ပြီး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ကျား၊မ တန်းတူရေးနှင့် တိုင်းရင်းသားအရေး ကျွမ်းကျင်သော အမျိုးသမီး များ၊ သုတေသီများ ပါဝင်ဆွေးနွေးခဲ့သည်။
လက်ရှိ အကျပ်အတည်းများကျော်လွှားရန် နှင့် ဒ ီမိုကရေစီ ဖက်ဒရယ် ဖွဲ့စည်းပုံကို အမှန်တကယ် ထ င်ဟပ်သည့် အခြေခံမူများရေးဆွဲနိုင်ရေးအတွက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ရန်လိုကြောင်း ပြည်ထောင်စု ငြိမ်းချမ ်းရေး ညီလာခံ၏ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲမျာ းတွင် ကိုယ်စားလှယ်အဖြစ်ပါဝင်သူ ကျားမရေးရာလ ေ့လာရေးစင်တာ (MIGS) မှ ဒါရိုက်တာ ဒေါ်ခင်မမမျိုးက ဆ ိုသည်။
“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က လုံးဝရပ်တန့ ်တာတော့မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ သွားရမယ်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဟာ လိုအပ ်တယ်ဆိုတာ အခြေခံတော့ သိမြင်နားလည်ထားတဲ့အတွက ် ဒါလေးတွေကိုတော့ ဘယ်လို ပုံစံနဲ့ ပြန်လည် ကျ ော်လွှားနိုင်မလဲဆိုတာ အားလုံး ဝိုင်းဝန်း အဖ ြေရှာနိုင်မယ်လို့ ထင်ပါတယ်။” ဟု သူက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုယ်စား လှယ်အဖြစ် သူ့အတွေ့အကြုံကို မ ျှဝေရာတွင် လက်န က်ကိုင်တပ်ဖွဲ့များ (တပ်မတော်နှင့် တိုင်းရင် းသားလက်နက်ကိုင်အဖွဲ့အစည်းများ)နှင့် နိုင်င ံရေးပါတီများအပါအဝင် အဓိကပါဝင်သူများသည် ၎င်း တို့၏ သဘောထားရပ်တည်ချက်များကိုသာ ဆုပ်ကိုင် ရပ်တည်နေခြင်းကြောင့် ဤသည်က နောက်ထပ် အကျပ်အတ ည်းဖြစ်စေသော အချက်တခုဖြစ်သည်ဟု သူက သုံးသပ်သ ည်။
ထိုအတွက်ကြောင့် အဖွဲ့စုံပါဝင်သော ညီလာခံဆွ ေးနွေးပွဲများသည် အမှန်တကယ် ညှိနှိုင်းမှုပုံ စံ မဟုတ်တော့သည့်အတွက် ညီလာခံမတိုင်မီ အလွတ်သ ဘောဆွေးနွေးပွဲများ၊ သို့မဟုတ် ဘေးတိုက်ဆွေးနွေးပွဲများနှင့် တဦ းချင်း တဖွဲ့ချင်း အလွတ်ဆွေးနွေးပွဲများသည် င ြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် အရေးပါ သည်ဟုလည်း ဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ရန ် အရည်အချင်းမီသည့် အမျိုးသမီးအနည်းငယ်သာ ရှိ သည်ဟူသော ပြောဆိုမှုကို တုံ့ပြန်သည့်အနေဖြင့ ် ဆွေးနွေးပွဲတွင် ပါဝင်သော အခြား အမျိုးသမီးမ ျားကလည်း မြန်မာနိုင်ငံတွင် နယ်ပယ်အသီးသီးတွ င် အရည်အချင်းပြည့်မီသော အမျိုးသမီးအများအပြာ းရှိသည်ကို အသိအမှတ်ပြုကာ တွေးခေါ်မှုများ ပြ ောင်းလဲရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုကြသည် ။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစ ဉ်ကို ပံ့ပိုးလိုသော အမျိုးသမီးများတွင် အသိပ ညာ၊ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုရှိကြသ ဖြင့် ထိုအမျိုးသမီးများ တရားဝင်ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများနှင့် ဆွေးနွေးညှိနှိုင် းမှု အသီးသီးတို့တွင် ပါဝင်ခွင့်ရရန် အရေးကြီ းသည်ဟု အမေရိကန် သံအမတ် စကော့ မာရှယ်က ၎င်း၏ မိ န့်ခွန်းတွင် ပြောခဲ့သည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွ ေပါဝင်ခြင်းဟာ ငြိမ်းချမ်းရေးအောင်မြင်တည်တ ံ့နိုင်ရေး အလားအလာ မြင့်မားစေတယ်ဆိုတာ ကမ္ဘာ တဝန်းက သုတေသနတွေက ပြသနေပါတယ်” ဟုလည်း သံအမတ်ကြ ီးက ဆိုသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် မတ်လ ၇ ရက်နေ့က ဖ ော်ပြခဲ့သည့် Результати дослідження: жінки недостатньо представлені в офіційному мирному процесі ကို ဆီလျော်အောင်ဘာသာပြန်သည်။