ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်နိုင်ခွင့် အားနည်း

Quelle des Presseausschnitts: The Irrawaddy
Edited By: Nyein Nyein
        Datum: March 13, 2019
Originalsprache: Burmese – Read Original in Burmese: Hier
Read in English: Hier

Women in Myanmar

မြန်မာနိုင်ငံငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အဖွဲ့အစည်းပေါင်း ၄၀၀ နီးပါးကို ကိုယ်စားပြုသော အမျိုးသမီး ၆၇၀ ကျော် ပါဝင် အကျိုးပြု လုပ်ဆောင်နေကြသော်လည်း ၎င်းတို့၏ လေးပုံတပုံသာခန့်သာလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ်များအဖြစ် ပါဝင်သည်ဟု မတ်လ ၆ ရက်နေ့က ထုတ်ပြန်သည့် ငြိမ်းချမ်းရေးတွင် ပါဝင်ပံ့ပိုးနေသော အမျိုးသမီးများ လမ်းညွှန်ချက်ဆိုင်ရာ ပုံကားချပ်များအရသိရသည်။

အမေရိကန် နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ၏ ထောက်ပံ့မှုဖြင့် Nonviolent Peaceforce က စစ်တမ်းအတွက် အချက်အလက်များကို ၂၀၁၈ ခုနှစ် သြဂုတ်လမှ ၂၀၁၉ ခုနှစ်အထိ ဇန်နဝါရီလအထိ ကောက်ယူခဲ့သည်။ လွယ်လင့်တကူအသုံးပြုနိုင်သော လမ်းညွှန်ဖြစ်သည့် ထိုပုံကားချပ်များတွင် အဖွဲ့အစည်း ၃၈၃ ခုမှ ငြိမ်းချမ်းရေးတွင် ပါဝင်ပံ့ပိုးနေသော အမျိုးသမီး ၆၇၄ ဦးကို ဖော်ပြထားသည်။

ပြည်နယ်နှင့် တိုင်းတခုစီအတွက် ပြုစုထားသော ထိုပုံကားချပ်များတွင် လူသိများထင်ရှားသော အမျိုးသမီး ခေါင်းဆောင်များကိုသာမက လူသိနည်းသော ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ စည်းရုံးလှုံ့ဆော်နေသူများကိုလည်း ဖော်ပြထားသည်။ စာရင်းထဲတွင် အစိုးရအဖွဲ့ဝင် အရာရှိများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာလွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မီဒီယာနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ အမျိုးသမီးများ ပါဝင်သည်။

၎င်းတို့အများစုသည် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများတွင် စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုရေး စသည့် အဓိက ကဏ္ဍ ၅ ခုတွင် ပါဝင်ဆွေးနွေးကြသည်။

ထိုပုံကားချပ်များသည် ပြည်စုံခြင်းမရှိသေးဘဲ အချိန်နှင့်အမျှ အချက်အလက်သစ်များ ဖြည့်သွင်းနေရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးတွင် ပါဝင်ပံ့ပိုးနေသူအားလုံး မပါဝင်သေးသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်နေသူများအတွက် လုပ်ငန်းစဉ်တွင် မည်သူတို့ ပါဝင်ဆောင်ရွက်နေသည်ကို နားလည်နိုင်စေရန် ရည်ရွယ်ထားသည်ဟု ပြုစုသူများက ဆိုသည်။

“ဒီပုံကားချပ်ကို အနုပညာလက်ရာအနေနဲ့မယူဆဘဲ ကိရိယာတခုလို့ ယူဆပြီး အသုံးချဖို့ မျှော်လင့်ပါတယ်”ဟု USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Teresa MaGhie က လမ်းညွှန်ချက် မိတ်ဆက်ပွဲတွင် ပြောသည်။

“နိုင်ငံတဝန်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်နေသော အမျိုးသမီးများနှင့် အဖွဲ့အစည်းများ အကြောင်းကို ကျယ်ပြန့်စွာဖော်ပြထားခြင်းအားဖြင့် ကာလရှည်ကြာပဋိပက္ခများကို ဖြေရှင်းရာတွင် လိုအပ်သော အရည်အချင်းများရှိသည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် မရှိဟူသော အဆိုကို ဤပုံကားချပ်များဖြင့် တုံ့ပြန်လိုက်ခြင်းဖြစ်သည်” ဟု USAID နှင့် Nonviolent Peaceforce တို့က ဆိုသည်။

ပုံကားချပ်များမိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည်များဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပြီး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ကျား၊မ တန်းတူရေးနှင့် တိုင်းရင်းသားအရေး ကျွမ်းကျင်သော အမျိုးသမီးများ၊ သုတေသီများ ပါဝင်ဆွေးနွေးခဲ့သည်။

လက်ရှိ အကျပ်အတည်းများကျော်လွှားရန် နှင့် ဒီမိုကရေစီ ဖက်ဒရယ် ဖွဲ့စည်းပုံကို အမှန်တကယ် ထင်ဟပ်သည့် အခြေခံမူများရေးဆွဲနိုင်ရေးအတွက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ရန်လိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်အဖြစ်ပါဝင်သူ ကျားမရေးရာလေ့လာရေးစင်တာ (MIGS) မှ ဒါရိုက်တာ ဒေါ်ခင်မမမျိုးက ဆိုသည်။

“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က လုံးဝရပ်တန့်တာတော့မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ သွားရမယ်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဟာ လိုအပ်တယ်ဆိုတာ အခြေခံတော့ သိမြင်နားလည်ထားတဲ့အတွက် ဒါလေးတွေကိုတော့ ဘယ်လို ပုံစံနဲ့ ပြန်လည် ကျော်လွှားနိုင်မလဲဆိုတာ အားလုံး ဝိုင်းဝန်း အဖြေရှာနိုင်မယ်လို့ ထင်ပါတယ်။” ဟု သူက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုယ်စားလှယ်အဖြစ် သူ့အတွေ့အကြုံကို မ ျှဝေရာတွင် လက်နက်ကိုင်တပ်ဖွဲ့များ (တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ)နှင့် နိုင်ငံရေးပါတီများအပါအဝင် အဓိကပါဝင်သူများသည် ၎င်းတို့၏ သဘောထားရပ်တည်ချက်များကိုသာ ဆုပ်ကိုင် ရပ်တည်နေခြင်းကြောင့် ဤသည်က နောက်ထပ် အကျပ်အတည်းဖြစ်စေသော အချက်တခုဖြစ်သည်ဟု သူက သုံးသပ်သည်။

ထိုအတွက်ကြောင့် အဖွဲ့စုံပါဝင်သော ညီလာခံဆွေးနွေးပွဲများသည် အမှန်တကယ် ညှိနှိုင်းမှုပုံစံ မဟုတ်တော့သည့်အတွက် ညီလာခံမတိုင်မီ အလွတ်သဘောဆွေးနွေးပွဲများ၊ သို့မဟုတ် ဘေးတိုက်ဆွေးနွေးပွဲများနှင့် တဦးချင်း တဖွဲ့ချင်း အလွတ်ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် အရေးပါသည်ဟုလည်း ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ရန် အရည်အချင်းမီသည့် အမျိုးသမီးအနည်းငယ်သာ ရှိသည်ဟူသော ပြောဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ဆွေးနွေးပွဲတွင် ပါဝင်သော အခြား အမျိုးသမီးများကလည်း မြန်မာနိုင်ငံတွင် နယ်ပယ်အသီးသီးတွင် အရည်အချင်းပြည့်မီသော အမျိုးသမီးအများအပြားရှိသည်ကို အသိအမှတ်ပြုကာ တွေးခေါ်မှုများ ပြောင်းလဲရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးလိုသော အမျိုးသမီးများတွင် အသိပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုရှိကြသဖြင့် ထိုအမျိုးသမီးများ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ဆွေးနွေးညှိနှိုင်းမှု အသီးသီးတို့တွင် ပါဝင်ခွင့်ရရန် အရေးကြီးသည်ဟု အမေရိကန် သံအမတ် စကော့ မာရှယ်က ၎င်း၏ မိန့်ခွန်းတွင် ပြောခဲ့သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေပါဝင်ခြင်းဟာ ငြိမ်းချမ်းရေးအောင်မြင်တည်တံ့နိုင်ရေး အလားအလာ မြင့်မားစေတယ်ဆိုတာ ကမ္ဘာတဝန်းက သုတေသနတွေက ပြသနေပါတယ်” ဟုလည်း သံအမတ်ကြီးက ဆိုသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် မတ်လ ၇ ရက်နေ့က ဖော်ပြခဲ့သည့် Women Underrepresented in Formal Peace Process, Study Finds ကို ဆီလျော်အောင်ဘာသာပြန်သည်။

Abonnieren
Das Logo zeigt den Text Nonviolent Peaceforce with Peace in fetten weißen Buchstaben innerhalb eines blauen Kreises, während der Rest des Textes blau auf hellem Hintergrund ist.
Datenschutzübersicht

Diese Website verwendet Cookies, um Ihnen die bestmögliche Nutzererfahrung zu bieten. Cookie-Informationen werden in Ihrem Browser gespeichert und dienen beispielsweise dazu, Sie bei Ihrem nächsten Besuch wiederzuerkennen und unserem Team zu helfen, die für Sie interessantesten und nützlichsten Bereiche der Website zu ermitteln.